မင်္ဂလာပါ၊ ဒီနေ့ကျွန်တော်ပြောပြမဲ့အကြောင်းအရာကတော့ Mouse တစ်လုံးအကြောင်းဖြစ်ပါတယ်။
သာမန် Mouse မဟုတ်ပါဖူး Gaming Mouse ပါ။ သာမန် Gaming Mouse မဟုတ်ပါဖူး။ Wireless Gaming Mouse ပါ။
Wireless gaming mouse ပဲကို ဘာထူးဆန်းလို့လဲဆိုတော့။ Power Play ဆိုတဲ့ Logitech က Mouse Pad နဲ့တွဲလိုက်ရင်
Wireless Charging လုပ်နိုင်လို့ပါ။

Logitech က ပထမဆုံး Wireless Charging ကို Gaming Mouse တွေနဲ့ မိတ်ဆက်ခဲ့တာပါ။ ဒီ Mouse ရယ် နောက်တစ်လုံးရယ်အပါအဝင်ပါ။
Logitech က Wireless Chargning ကို 2mm thick ဖြစ်တဲ့ Power Pad ထဲမှာထည့်ခဲ့တာပါ။ ပြီးတော့
Mouse ကို Direct အားသွင်းတဲ့ကြိုးကလဲ Mouse Pad ကို join တဲ့တစ်ခု့နဲ့ တူတူပါပဲ။Mouse ကို ဘာမှလုပ်စရာမလိုပါဖူး အားသွင်းစရာလဲမလိုတော့ပါဖူး။ ဆက်တိုက်သုံးနေရင်တော့သွင်းရမှာပေါ့။
ဒါမဲ့ ရပ်ထားတဲ့အချိန်မှာတော့အားဝင်နေမှာပါ ဥပမာ computer ဖွင့်ထားခဲ့ပြီး ထမင်းသွားစားနေတာမျိုးပေါ့။
Power pad ကတော့ သူ့အပေါ်မှာထပ်ဖို့ Soft pad နဲ့ Hard Pad ၂ခု့ထည့်ပေးထားပါတယ်။
ကိုယ်ကြိုက်တာခံပြီးဆော့နိုင်ပါတယ်။
နောက်ထပ်ခပ်မိုက်မိုက် function တစ်ခု့က Power Pad ကို Computer နဲ့ join ၊ power puck ကို Mouse မှာတပ်လိုက်ရင်
Mouse သက်သက်ထပ်ပြီး Computer မှာ USB Bluetooth-Reciver ထိုးစရာမလိုပါဖူး။
USB တစ်ပေါက်ထဲနဲ့ Mouse ရော Mouse pad ရော Mouse အားသွင်းဖို့ရော အဆင်ပြေစေမှာပါ။

Wireless Gaming Mouse တွေက တကယ် Gaming မှာ pro လုပ်ဖို့ရောဖြစ်ပါ့မလားဆိုတဲ့ သံသယတွေရှိပါတယ်။
အချို့တွေလဲမယုံရဖူးပြောကြပါတယ်။ Logitech ရဲ့ Bluetooth ကတော့မဟုတ်ပါဖူး 1ms resport rate ပါ ကြိုးတွေနဲ့တူတူပါပဲ။
ဒါမဲ့ ကြိုးတွေလိုပဲ 2 မီတာ Range အတွင်းမှာပဲထားပေါ့။ တစ်မိုင်လောက်ကနေတော့လှမ်းမသုံးနဲ့ပေါ့။
1ms ကိုမြင်သာအောင်ရှင်းပြရရင် 1milli second ပေါ့လေ။ စတာပါ
online game တွေဆော့ရင် PING ဘယ်လောက်ဆိုတာတွေပါပါတယ်။အဲ့ဒါတွေက real time game play နဲ့ ကိုယ့်ရဲ့
PC မှာပေါ်နေမဲ့ gameplay နဲ့အချိန်ကွာခြားချက်ပါ။ Ping 30-40 ဆိုတာ ဆော့လို့ကောင်းတယ် မ lag ဖူးလို့ပြောကြပါလိမ့်မယ်။အဲ့ဒီ 30-40 ဆိုတာ Milli second လေးတွေပါ။ ဆိုလိုတာက Mouse က 1ms report rate ပါ။ ကြိုးလိုပဲ စောက်ရမ်းမြန်တဲ့
Wireless ပါ။ 0.001 second အတွင်းမှာ ဘော်ဒါတို့လက်ရဲ့ Movement ကို computer က လက်ခံသိနိုင်မှာပါ။
အရင်ခေတ်ကသာ Bluetooth mouse တွေ က စိတ်မချရဖူးဆိုတာရှိပါလိမ့်မယ်။ Logitech G903 Lightspeed gaming mouse ကတော့အကုန်လုံးက မှားနေတယ်ဆိုတာသက်သေပြလိုက်ပါပြီ။
Pro esport player တစ်ချို့တောင်သုံးနေကြပါပြီ။ အချို့ဆိုသိပါလိမ့်မယ်။ကြိုးပဲသုံးမယ်ဆိုတဲ့လူအတွက်လဲ
ကြိုးပါပါတယ်။Power pad မရှိလို့ပဲဖြစ်ဖြစ် Battery ကုန်သွားရင်ပဲဖြစ်ဖြစ်ဆက်သုံးလို့ရအောင်ပေါ့။
တစ်ချို့တွေကတော့ ကြိုးမကြိုက်ပါဖူး။ Computer စားပွဲမှာ Cable Management ကကျွန်တော့်အတွက်တော့အချိန်တော်တော်ကုန်တဲ့အရာပါ။Mouse ကို Mouse pad အကြီးနဲ့ကျနော်သုံးပါတယ်။ PUBG မှာပဲဖြစ်ဖြစ် recoil ဆွဲရင် Mouse က
Mouse Pad အောက်ဆုံးကိုရောက်ပါတယ်။လက်ကို reposition ပြန်ချတဲ့အနေနဲ့အပေါ်ပြန်တိုးလိုက်တဲ့အခါကျတော့
အောက်အထိဆွဲထားတုန်းက ကြိုးကြီးက အပေါ်မှာလိမ်နေရော။အဲ့ဒီအတွက် ဒီလို Wireless Mouse နဲ့ Keyboardကို
ပြောင်းပြီးသုံးချင်လားဆိုတော့သုံးချင်ပါတယ်။ ဒါပေမဲ့ Mouse တစ်လုံးအတွက်၂သိန်းလောက်တော့မသုံးချင်လို့ပါ။
စာဖတ်တဲ့လူတွေရော တတ်နိုင်တယ်ဆိုရင် သုံးမှာလား။ သူက Power Pad ပါဝယ်မှသုံးရတာပိုဇိမ်ကျတာမို့လို့။
Gamer တွေအတွက် RGB ရောပါပြီးသားဖြစ်နေတော့ ၂ခု့လုံးဝယ်နိုင်ရင်ဝယ်သုံးပါလို့အကြံပေးချင်ပါတယ်။
ဒီ Mouse ပျက်လို့နောက်ပိုင်း အသစ်လဲမယ်ဆိုရင်လဲ power pad က ရှိပြီးသားမို့လို့
Logitech future wireless mouse တွေနဲ့ အဆင်ပြေနေမှာပါ။
P.S: ကျွန်တော်က စာဖတ်သူများ Enjoy ဖြစ်စေမဲ့ Content မျိုးသာရွေးခြယ်ရေးပါတယ်။ ရှပ်ရှုပ်ရှက်ရှက် Non-Geek တွေနားမလည်မဲ့ tech အကြောင်းတွေ Hardware အကြောင်းတွေမရေးပါဖူး လူတန်းစားမရွေး ဖတ်လို့အဆင်ပြေအောင်သာရေးပါတယ်။
See ya <3
By Ax3lyt.
No comments:
Post a Comment