မင်္ဂလာပါ, ကျွန်တော်ဒီနေ့ရေးမဲ့အကြောင်းအရာကတော့ The Origin Big O ဆိုတဲ့ Gaming Computer အကြောင်းပဲ
ဖြစ်ပါတယ်။
ဒီကောင်က Computer သက်သက်ပဲမဟုတ်ပါဖူး၊ ဘာထူးခြားသလဲဆိုတော့ PC RIG ထဲမှာပဲ တစ်ဆက်ထဲ
PS4 , X-Box 360 , Nintendo Switch ကိုပါ တစ်ခါထဲ Build ပေးထားတာဖြစ်ပါတယ်။
ဒါပေမဲ့အရမ်းကြီးမထူးဆန်းပါဖူး။ ORIGIN HIGH PERFORMANCE PCS က ၂၀၀၉ ခု့နှစ်ထဲက သူတို့ရဲ့
Gaming PC ထဲကို X-Box ထည့်သွင်းဖူးပါတယ်။ အရမ်းရှုပ်တဲ့အရာမျိုးမဟုတ်ပါဖူး။
မြန်မာနိုင်ငံက enthusiast တစ်ချို့တောင်လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
ဒါပေမဲ့ ဗျာ ၊ အခု့သူကအထဲက Console တွေအကုန်လုံးကို တစ်ဆက်ထဲ Liquid-Cooling ပေးထားပါတယ်။
အပေါ်က ပုံကတော့ PS4 နဲ့
X box 360 ရှိတဲ့အခြမ်းဖြစ်ပြီးတော့ ယခု့အောက်ကပုံက တော့ Nintendo Switch ကိုထည့်သွင်းထားတဲ့အခြမ်းဖြစ်ပါတယ်။
ဒါကေတာ့

Nintendo Switch DOCK ပါ။
လက်ကိုင်ခလုတ် (Controller ) တွေအကုန်လုံးကလဲတစ်ခါထဲပါပြီးသားပါ။

The Origin Big O ရဲ့ PC Specification တွေကတော့
CPU - Intel Core I9-9900K
GPU - Nvidia Titan RTX
RAM - 64 GB Corsair Dominator Platinum RGB 16x4
OS Drive - 2x2TB Samsung 970 EVO NVMe
Storage Drive - 14TB Seagate BarraCuda
OS - Window 10 ပဲဖြစ်ပါတယ်
သင်ဟာ ဘယ်လို Gamer မျိုးပဲဖြစ်ဖြစ် Content Creator ပဲဖြစ်ဖြစ် ဒီ PC က တစ်ခု့ထဲနဲ့အကုန်ပြီးပြည့်စုံနေမှာပါ။
ဒါပေမဲ့ပေါ့ အခြား Industry Leading Creations တွေ such as 8K 3D Animation လိုမျိုးကျတော့
ကျန်တဲ့ Console တွေပါ ထည့်သွင်းလို့ရအောင်လုပ်ထားတဲ့ Motherboard နဲ့ သိပ်ပြီးအဆင်ပြေမယ်မထင်ပါဖူး။
သူတို့လဲ အလုပ်အတွက် ဒါမျိုး PC မဝယ်လောက်ပါဖူး။
Gaming အကြောင်းပြောရရင် I9 နဲ့ RTX Titan ဖြစ်တဲ့အတွက် Performance ကတော့ ရှယ်ထွက်မှာပါ
ဒါမဲ့ Titan က Workstation အသားပေးပါ Gaming အသားပေးမဟုတ်ပါဖူး။ ဈေးကတော့ RTX 2080ti ထက်
၂ဆကျော်ကျော်လောက်လေးကြီးပါတယ်။ အဲ့တော့ သူ့ရဲ့ Graphic Card တန်ဖိုး($2500)နဲ့တင် သာမန် PC gamer တေ
PC ကောင်းကောင်းဆင်လို့ရနေပြီဖြစ်ပြီး RTX 2080ti နဲ့က gaming ပိုင်းမှာ 3-5 FPS လောက်ပဲကွာပါတယ်။
I9 ကတော့ Gaming မှာ လောလောဆယ်ထိပ်ဆုံးပါ Ryzen ဘယ်လောက်ပိုကောင်းတယ်ပြောပြော Single Task ဖြစ်တဲ့
Gaming မှာတော့ I9 ကိုပိုယုံပါတယ်။ Ryzen threadripper လိုမျိုး CPU ကိုလဲထည့်လိုက်လို့ရပါတယ်ဒါမဲ့ သူတို့မထည့်တကလဲ အကြောင်းရှိပါတယ် ထားပါတော့။ Monitor ကို Join မယ်ဆိုရင်ရော Console တွေအကုန်လုံး ကြိုးတစ်ခု့စီနဲ့လိုက်ပြီး
join ရမှာလား။ PS4 ဆော့မယ်ဆို PS4 ကြိုးကို Monitor မှာတပ် အခြားဟာဆိုအခြားကြိုးတပ်။
အဲ့လိုမဟုတ်ပါဖူး HDMI တစ်ပေါက်ထဲပါ။ ကိုယ်တိုင် PC က ခလုတ်ကိုသွားနှိပ်ပြီးပြောင်းလို့ရသလို။
ထိုင်ရာကမထပဲ Remote နဲ့လှမ်းပြီး ပြောင်းလို့ရပါတယ်။ ဥပမာ ဆိုလိုချင်တာက PS4 ဆော့နေတုန်း facebook မှာ
Crush ဆီက စာဝင်လာတယ်ပေါ့။ PS4 game ကို Pause ပြီးတော့ remote နဲ့ Window ကိုပြောင်းပြီးချက်ချင်း reply
လုပ်နိုင်မှာဖြစ်တဲ့အတွက် Crush လေးစိတ်မကောက်နိုင်တော့ဖူးပေါ့။ :3
HDMI က PC အနောက်မှာလဲ ပါပါသေးတယ်။ ကိုယ်က PC game ဆော့ပြီး အိမ်လာလည်တဲ့သူယ်ချင်းတွေကို
အခြား TV မှာ x box or PS4 တပ်ပြီး console ဆော့ခိုင်းလို့ရပါတယ်။ Cable အရှည်တော့လိုတာပေါ့။
BOX ကတော့ ၂ခု့လာမှာပါ BOX တစ်ခု့ထဲမှာတော့ PC ပါမှာဖြစ်ပြီး
နောက်တစ်ခု့မှာတော့ Nintendo Switch , Controllers , Corsair Gaming Keyboard , Corsair gaming Mouse နဲ့ Corsair Headphone ပါဝင်မှာဖြစ်ပါတယ်။ ဒီတစ်ခု့က မယူလဲရပါတယ်။
IN GAME PERFORMANCE မှာတော့
Overwatch - 3840 x 1600 (4K) resolution , ultra settings မှာ 220-260 FPS အတွင်းပြေးနေမှာဖြစ်ပါတယ်။
Every Gamers Dream PC လို့ခေါ်လို့ရပါတယ်
ဒီလိုကောင်ကို Gaming room ထဲထည့်ထားလိုက်ပြီးတော့
4K 144hz Monitor ရယ်တွဲပြီးဆော့မယ်ဆိုရင်တော့ ရှယ်ပဲနေမှာပါ။
Streaming လုပ်မဲ့လူတွေကတော့ PC games တွေတင်မဟုတ်ပဲ Console အကုန်လုံးကိုပါ 4K resolution မှာ
60fps နဲ့ဆော့နိုင် Stream နိုင်မှာပါ။
Console Gaming Experience တွေကတော့ တူတူပဲလို့ပြောထားပါတယ် ပိုပြီးမဆိုးသွားသလို
ပိုပြီးမကောင်းသွားပါဖူး။ အချို့လူတွေက အိမ်မှာ gaming PC ၂ခု့ ကိုအလုပ်အတွက်ရယ် Gaming အတွက်ရယ်ရှိသလို၊
PS4 ၂ခု့၃ခု့ရှိတတ်သလို X box လဲ ၂ခု့လောက်ရှိတတ်ကြပါတယ်။
အဲ့လိုလူတွေအတွက်တော့ User ၂ ခု့ခွဲ ပြီး PC တစ်ခု့ထဲမှာ All-in-One ဘာမှစိတ်ပူစရာမလိုပဲ လုပ်ချင်တာကို
မျက်စိမှိတ်လုပ်လို့ရပါပြီ။
ဈေးကတော့ ကျွန်တော်လဲ သေသေချာချာမသိပါဖူး။Console တွေကြီးပဲအားလုံးတွက်လိုက်ရင် $1200 အေးဆေးကျော်ပါတယ်။ PC ရဲ့ specification ရယ် သူတို့ ကြိုးစားအားထုတ်ထားတဲ့ Credit တွေရယ် Design အတွက်ရယ်ပါပေါင်းလိုက်ရင်
$10,000 ထက်တော့လုံးဝမနည်းနိုင်ပါဖူး။ မြန်မာငွေ သိန်း၁၅၀ ကျော်နဲ့ သိန်း၂၀၀ ကြားမှာရှိမဲ့ Gaming RIG ကြီးပါ။
ကျွန်တော်လဲမဝယ်နိုင်ပါဖူး။ One of the Kind Gaming PC ပါ။တကယ်သွားရည်ကျချင်စရာပါ။
စာဖတ်သူတွေရော ပိုက်ဆံအပုံလိုက်ရှိရင် ဒါကြီးကို အိမ်မှာ ဝယ်ထားမှာလား????
P.S: ကျွန်တော်က စာဖတ်သူများ Enjoy ဖြစ်စေမဲ့ Content မျိုးသာရွေးခြယ်ရေးပါတယ်။ ရှပ်ရှုပ်ရှက်ရှက် Non-Geek တွေနားမလည်မဲ့ tech အကြောင်းတွေ Hardware အကြောင်းတွေမရေးပါဖူး လူတန်းစားမရွေး ဖတ်လို့အဆင်ပြေအောင်သာရေးပါတယ်။
See ya <3
By Ax3lyt.